သွေးလိုအပ်ပါက ၀၉၅၀၆၀၄၄၇ ကိုဖုန်းဆက်ရယူပါ။အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ ချစ်သောရွှေအိမ်စည်

Monday, September 30, 2019

နှာ​ခေါင်း​သွေးလျံခြင်း


Nose Bleed (နှာခေါင်းသွေးယိုလျှင်ဘာလုပ်ရမလဲ)

နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး
၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။
ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်းခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ၀က်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေး ကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach’s area, Little’s area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မ၀င်အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတ၀ှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ၀င်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ၀ယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ၀့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။


ခေါင်းတစ်​ခြမ်းကိုက်​​ဝေဒနာနှင့်​ကုသကာကွယ်​ဖို

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ နှင့် ကုသကာကွယ်ဖို့
=================
နှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းခန့်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ကြေငြာချက် ထုတ်ပြန်ပြီး သတိပေးထားပါတယ်။ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်များဆုံး ရောဂါဝေဒနာ တစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်ပြောကြပေမယ့် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရင် မနည်းလှပါဘူး။ ဖြစ်စေတဲ့အကြောင်းအရင်းတွေအများအပြား ရှိပါတယ်။ ခေါင်းကိုက်တဲ့ အမျိုးအစားတွေကိုလည်း ထပ်မံ ခွဲခြားထားသေးတယ်။

ခေါင်းကိုက်ဝေဒနာတွေထဲမှာ ဒုတိယအဖြစ်များဆုံးက migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်ဟာ မိုက်ဂရိန်းခေါ်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။ အချိုးချကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက် ရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၃ဆလောက် ပိုအဖြစ်များတယ်။ အမျိုးသမီး ၄ယောက်မှာ တစ်ယောက်နှုန်းဖြစ်ပြီး အမျိုးသား ၁၂ယောက်မှာ တစ်ယောက်သာ ဖြစ်ကြတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း အမျိုးသမီးတွေမှာ ပိုဖြစ်စေတဲ့ အကြောင်းတစ်ချက်အဖြစ် ပါဝင်ပါတယ်။ လေ့လာချက်တွေအရ မျိုးရိုးနဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ဆိုပါတယ်။ ဆွေမျိုးထဲမှာ တစ်ယောက်မက ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်အနေအထားက မိုက်ဂရိန်းဖြစ်စေတဲ့ အခြေခံအကြောင်းအချက်အဖြစ် ပါဝင်နေပါတယ်။ လှုပ်ရှားမှုကလည်း ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်တယ်လို့ ဆိုထားပါတယ်။

Migraine မိုက်ဂရိန်းဆိုတာ Migraine ဆိုတဲ့ ဝေါဟာရက "hemikrania"ဆိုတဲ့ ဂရိစကားလုံးက ဆင်းသက်လာပါတယ်။ hemi ဆိုတာ တစ်ခြမ်း၊ kranionဆိုတာက ဦးခေါင်းခွံ ဆိုတဲ့အဓိပ္ပါယ်ရှိပါတယ်။ မြန်မာလို အလျဉ်းသင့်အောင် ဘာသာပြန်ရင် ခေါင်းတစ်ခြမ်းမှာ နာကျင်ကိုက်ခဲတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်ပါတယ်။ BC 3000ကျော်လောက်ကတည်းက ကျောက်ဂူနံရံပန်းချီတွေမှာ ရောဂါခံစားရပုံတွေကို မှတ်တမ်းတင်ခဲ့ကြတယ်။ ခေါင်းကိုက်တဲ့ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါ သွေးကြောတွေရဲ့ လှုပ်ရှားမှုသာမက အာရုံခံနာ့ဗ်တွေရဲ့ တုံ့ပြန်မှုကြောင့် အဓိကဖြစ်စေတယ်။ နောက်ပိုင်းလေ့လာချက်တွေအရ ဦးနှောက်မှာရှိတဲ့ ဓာတ်ပစ္စည်း ပြောင်းလဲမှုကလည်း အရေးကြီးတဲ့အချက်ဖြစ်တာ သိလာရတယ်။ သို့သော် ယနေ့ထက်ထိ ဖြစ်စေတဲ့အကြောင်းရင်းမှန်ကို တိတိကျကျမရှင်းပြနိုင်သေးဘဲ သီအိုရီလောက်သာ ခန့်မှန်းကြပါတယ်။

မိုက်ဂရိန်းမှန်ရင် Migraine ကို တခြားခေါင်းကိုက်ဝေဒနာ အမျိုးအစားတွေနဲ့ မှားယွင်းတတ်ပါတယ်။ မိုက်ဂရိန်းတစ်ခါဖြစ်ဖူးသူဟာ နောက်တစ်ကြိမ် ပြန်ဖြစ်တတ်ပါတယ်။ကြားထဲမှာ ခံစားရတဲ့ ဝေဒနာအားလုံး ပြန်လည် သက်သာရတယ်။ဝေဒနာ ပျောက်ကင်းပြီးနောက်ပိုင်းမှာ တစ်ခါပြန်ပေါ်လာပြန်တယ်။ ဒီသဘောအတိုင်းဖြစ်မှ မိုက်ဂရိန်းသေချာတယ်လို့ ဆိုပါတယ်။မိုက်ဂရိန်းဝေဒနာသည်အများစုဟာ ခေါင်းတစ်ခြမ်းတည်းမှာသာ ကိုက်ကြတယ်။ သွေးခုန်သလို တဒိတ်ဒိတ်နဲ့ ထိုးထိုးပြီး ကိုက်တယ်။ခေါင်း ရှေ့ဖက်(သို့) နားထင်ကြော တစ်လျှောက် ကိုက်တတ်တယ်။ ခေါင်းနောက်ဖက်က ထိုးပြီး ကိုက်တာမျိုးလည်း တွေ့ခဲ့ဖူးတယ်။ တခါတရံ ဦးရေပြားတင်းပြီး နာတာမျိုး ရှိတတ်တယ်။ နောက်စေ့ကနေ လည်းပင်းထိ တင်းပြီးနာနေတတ်တယ်။ အထူးသဖြင့် မနက်ပိုင်းတွေမှာ စဖြစ်တတ်တယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ တခါဖြစ်ရင် နာရီပိုင်းမှ ရက်ပိုင်းထိ ကြာနိုင်တယ်။ သီအိုရီအရ ခေါင်းကိုက်ဝေဒနာဟာ ၄နာရီ-၃ရက် အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။တချို့အလုပ်အကိုင်ပျက်တာမျိုးထိ တွေ့ရတတ်တယ်။

မိုက်ဂရိန်းသဘောနဲ့ အဆင့်လေးဆင့် ယေဘုယျအားဖြင့် အဆင့်လေးဆင့် ခွဲထားတယ်။

-မဖြစ်ခင် ကြိုတင် လက္ခဏာ ပေါ်ပေါက်တဲ့အဆင့်(Prodrome)
-ရှေ့ပြေး နိမိတ်ပြတဲ့အဆင့်(Aura)
-ခေါင်းကိုက်ဝေဒနာ အမှန်တကယ် ခံစားရတဲ့အဆင့်(migraine Pain)
-ခေါင်းကိုက်ပြီးနောက် တခြားလက္ခဏာရပ်တွေ ခံစားရတဲ့အဆင့်(Postdrome) စသည်ဖြင့် လေးမျိုးခွဲခြားထားတယ်။

သို့သော် လူတိုင်းဟာ ဒီအဆင့်တွေအားလုံး ခံစားရတာမျိုး မဟုတ်ပါဘူး။

၁။ခေါင်းမကိုက်ခင် တစ်ရက်လောက်အလိုမှာ prodrome ရှေ့ပြေးလက္ခဏာတွေ စတင်ခံစားရတယ်။ ဒီအဆင့်မှာ ခံစားမှု စတင်ပြောင်းလဲလာသလို စိတ်အပြောင်းအလဲများလာတတ်တယ်။ စိတ်ဆတ်လာတယ်။ စိတ်ဓာတ်ကျလွယ် ဖြစ်လာတယ်။ အာရုံစူးစိုက်မရ ဖြစ်တတ်တယ်။ အနံ့၊အသံ စတာတွေကို ခံစားလွယ်လာတယ်။ လှုပ်ရှားချင်စိတ်မရှိပဲ လေးလံထိုင်းမှိုင်းနေတယ်။

၂။Aura အဆင့်ကို မိုက်ဂရိန်းလူနာ ၄ယောက်မှာ တစ်ယောက်နှုန်း တွေ့ရတယ်။ ဦခေါင်းပိုင်းကို ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းလာ၊ကျုံ့လာတာကြောင့် ဒီလို လက္ခဏာတွေ ခံစားရပါတယ်။နောက်ဆုံးတွေ့ရှိချက်တွေအရ aura ရှေ့ပြေး နိမိတ်ခံစားရသူအများစုဟာ လေဖြတ်နိုင်ချေ မြင့်မားသူများအဖြစ် သတ်မှတ်လာကြပါတယ်။ဒီအဆင့်မှာ စက္ခုအမြင်အာရုံမှာ နေရာကွက်ပြီး ဝါးလာကြတယ်။ပုံမှန်အားဖြင့် မြင်ကွင်းအလယ်ပိုင်းကစပြီး ကွက်ဖြစ်လာတယ်။ တခါတရံ ပုံမှန်မရှိတဲ့ လိုင်းအစင်းကြောင်းတွေ တွေ့လာ၊မြင်လာရတယ်။ လက် သို့ ခြေထောက်တခြမ်းမှာ တစစ်စစ်၊စပ်ဖျဉ်းဖျဉ်း ထုံကျဉ်ကိုက်ခဲတတ်တယ်။ တခါတရံ ဖြစ်တဲ့ဖက်ခြမ်းက ခြေ၊လက်တွေမှာ အားယုတ်သလို၊အားပျော့သလို ခံစားလာရတယ်။ ဒီလို ရှေ့ပြေးနိမိတ်တွေခံစားရပြီး မကြာခင် မိုက်ဂရိန်းခေါင်းကိုက်ဝေဒနာ ခံစားရတော့မယ်ဆိုတာ သိထားသင့်ပါတယ်။

၃။ကျဉ်းနေတဲ့သွေးကြောက တဖန်ကျယ်လာတဲ့အခါ ခေါင်းကိုက်ဝေဒနာ စတင်ခံစားရပါတယ်။ဒီအဆင့်ဟာ migraine ခေါင်းကိုက်ဝေဒနာ အမှန်တကယ် ခံစားရတဲ့ အဆင့်ဖြစ်ပါတယ်။ ခေါင်းကိုက်တဲ့အခါ နာရီပိုင်းမှ ရက်ပိုင်းအထိ ကြာတတ်ပါတယ်။အများစုဟာ နာရီပိုင်းလောက် ဝေဒနာခံစားရပြီး ပုံမှန်အားဖြင့် ၃ရက်အတွင်း ပြန်လည်သက်သာကြတယ်။ ၆၀ရာခိုင်နှုန်းဟာ ခေါင်းတစ်ခြမ်းထဲမှာသာ ထိုးပြီး ကိုက်တယ်။ ဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ ပျို့ချင်အန်ချင် အဖြစ်များတယ်။ ဆူညံသံတွေ၊အလင်းစူးစူးတွေက ဝေဒနာကို ပိုဆိုးလာစေတယ်။ မျက်လုံးတွေဝေဝါးလာတတ်သလို ဆီးသွားများတာ၊ချွေးထွက်များတာ ဖြစ်လာတယ်။ ခေါင်း၊ဂုတ်စတဲ့အကြောတွေ တင်းလာ၊မာလာတယ်။နားထင်ကြောတွေ ကိုက်လာတယ်။ တချို့ဟာ နေ့စဉ်အလုပ်တွေ မလုပ်နိုင်အောင် ဝေဒနာခံစားရတယ်။ လှုပ်ရှားမှုများရင် မသက်သာပဲ ပိုဆိုးလာဦးမယ်။ ဒီလိုဖြစ်လာရင် အကောင်းဆုံးက တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ အခန်းထဲမှာသာ အနားယူပေးသင့်တယ်။

၎။ခေါင်းကိုက်ဝေဒနာသက်သာတဲ့အခါ အချို့ဟာ အရက်နာကျသလို ဝေဒနာတွေ ဆက်လက်ခံစားရတတ်ပါတယ်။ ဒီအဆင့်ကို postdrome လို့ ခေါ်ပါတယ်။အာရုံစူးစိုက်လို့မရသလို အားယုတ်သလိုမျိုး ခံစားရတယ်။ နေလို့ထိုင်လို့ မကောင်းသလို အရှင်းမပျောက်သေးဘူး။ အများစုဟာ ဒီလိုခံစားရပြီး နာရီပိုင်းအတွင်းမှာပဲ လုံးဝ သက်သာပျောက်ကင်းသွားကြတယ်။ ဝေဒနာပျောက်သွားတဲ့အခါ လူကောင်းအတိုင်း ပုံမှန်ပြန်ဖြစ်ကြပါတယ်။

မိုက်ဂရိန်းဝေဒနာနဲ့ အမျိုးအစားများ ပုံမှန်အားဖြင့် migraine without auraနဲ့ migraine with auraဆိုပြီး နှစ်မျိုးခွဲထားတယ်။ ကြိုတင် နိမိတ်ပြလက္ခဏာမရှိပဲ ရုတ်တရက်ဖြစ်တဲ့ migraine without aura ဟာ ပိုမိုအဖြစ်များတယ်။ ဝေဒနာခံစားရသူ အများစုဟာ တစ်လအတွင်း တစ်ကြိမ်၊နှစ်ကြိမ်ထက် ပိုဖြစ်လေ့ မရှိကြဘူး။ တစ်လအတွင်း ၁၅ရက်ထက် ပိုဖြစ်တတ်သူတွေကို chronic migraine နာတာရှည် မိုက်ဂရိန်းလို့ ခေါ်ပါတယ်။ အနည်းဆုံး ၃လဆက်တိုက်ဖြစ်ကြတယ်။ ရာသီသွေးဆင်းတဲ့ရက်တွေမှာ မိုက်ဂရိန်းလက္ခဏတွေ ခံစားရသူကို menstrual migraineလို့ ခေါ်ပါတယ်။ ဗိုက်မှာ ဖြစ်ရင် abdominal migraineလို့ ခေါ်ပါတယ်။ ကလေးတွေမှာ အဓိကတွေ့ရတယ်။ basilar migraine ဆိုတာ ဦးနှောက်အခြေမှာရှိတဲ့ သွေးကြောမှာ သက်ရောက်မှုရှိတဲ့အခါမျိုးကို ခေါ်ပါတယ်။ နောက်စေ့ဖက်မှာ ထိုးကိုက်တာမျိုး၊ နားထဲမှာ အသံကြားရသလို ဖြစ်တတ်တယ်။ချာချာလည်မူးတာလည်း ရှိတတ်ကြတယ်။occular migraineဆိုတာ မျက်စိကိုက်ပြီး နာတာမျိုးကို ခေါ်ပါတယ်။ hemiplegic migraineဆိုတာ ကိုယ်တခြမ်း အားယုတ်ပြီး မိုက်ဂရိန်းလက္ခဏာတွေ ခံစားရတယ်။ တချို့က ရက်ပိုင်းထိ ကြာတတ်တယ်။ကံကောင်းတဲ့အချက်က အဖြစ်များတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလတွေမှာ မိုက်ဂရိန်းဝေဒနာ မခံစားကြရဘူး။

မိုက်ဂရိန်းဖြစ်တဲ့အခါ အိမ်မှာ ဘာတွေလုပ်နိုင်လဲ။

-ဖြစ်တဲ့ဖက်ကို ရေခဲဝတ် ကပ်ပေးထားသင့်တယ်။
-ပါရာစီတမော၊ အက်စ်ပရင် အကိုက်အခဲပျောက်ဆေးတမျိုးမျိုး သောက်ပေးနိုင်တယ်။
-ရေများများ သောက်ပေးပါ။
-ပူရှိန်းပါတဲ့ ဆေးတမျိုးမျိုးလိမ်းပြီး နှိပ်ပေးနိုင်တယ်။
-ကြက်ပြုတ်ရေ ပူပူနွေးနွေး သောက်ပေးနိုင်တယ်။တချို့က ဂျင်းထဲ့ပြီး သောက်ခိုင်းတယ်။
-ဂျင်းထဲမှာပါတဲ့ ဓာတ်တမျိုးက ပျို့အန်တာကို သက်သာစေတယ်။
-ကဖိန်းဓာတ်က သွေးကြောတွေကို ကျဉ်းစေတဲ့သဘောရှိလို့ ဝေဒနာသက်သာစေမယ်။
-လေ့လာမှုတချို့အရ ပူစပ်တဲ့ အစားအသောက်တွေက ခံစားရတဲ့ ဝေဒနာကို ယာယီသက်သာစေတယ်။
-ဗီတာမင် B2၊B6၊ B12၊ မဂ္ဂနီစီယမ်၊ coenzyme Q10ပါတဲ့ အားဆေးတွေ သောက်ပေးနိုင်တယ်။
-အာယုဗေဒ ဆေးကျမ်းမှာ စပျစ်ရည်(သို့) ခါကျက်ဥ ဖျော်ရည် တမျိုးမျိုး သောက်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
-အရေးကြီးဆုံးအချက်က တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ အခန်းထဲမှာ လဲလျှောင်းအိပ်စက် အနားယူပေးပါ။

လိုက်နာရန်အချက်များ

-နေ့စဉ် အချိန်မှန်အိပ်စက်အနားယူသင့်တယ်။
-စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။
-အစားအသောက် ပုံမှန်စားပါ။ အစာလွန်မခံပါနဲ့။
-အာရုံစိုက်ရတဲ့ အလုပ်မှန်သမျှရှောင်ထားသင့်တယ်။
-လိုအပ်ရင် ခေါင်းကို နှိပ်ပေးနိုင်တယ်။
-ဆေးလိပ်၊အရက်သောက်ခြင်းက ဝေဒနာကို ပိုဆိုးစေတယ်။
-ထောပတ်၊ချီးစ်၊ဝိုင်အနီ၊ချောကလက်၊ အစေ့အဆံ၊ဟင်းချိုမှုန့် စတာတွေက ခေါင်းကိုက်စေတတ်တယ်။
-ဟော်မုန်းဆေး၊ တားဆေး၊ အိပ်ဆေးတချို့ကလည်း ဖြစ်စေတတ်သေးတယ်။
-အလင်းစူးစူးတွေ၊ ဆူညံသံတွေက ဝေဒနာကို ပိုဆိုးလာစေလို့ ရှောင်ရှားသင့်တယ်။
-လှုပ်ရှားမှုကြောင့် ခေါင်းကိုက်ဝေဒနာ ပိုဆိုးလာစေတာ တွေ့ရတယ်။
-အနားယူပြီး မသက်သာရင်(သို့) ပိုဆိုးလာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

မိုက်ဂရိန်းမှာခံစားရတဲ့ ခေါင်းကိုက်ဝေဒနာဟာ တခါတရံ ပြင်းထန်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေဒနာခံစားရပုံချင်း မတူညီကြဘူး။အထူးသဖြင့် အမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲဒဏ်ကို အများဆုံးခံစားကြရတယ်။ သို့သော် ဒီလိုဖြစ်တတ်တာကြောင့် စိတ်ဓာတ်မကျစေချင်ပါ။ မိုက်ဂရိန်း ခေါင်းကိုက်ဝေဒနာ ခံစားရသူ တစ်ယောက်က ဒီလိုပြောပါတယ်။

"မနက်စောစော ကျွန်တော် အိပ်ရာက ထခဲ့ပါတယ်။ ကျွန်တော့်ခေါင်းတခြမ်း ထိုးကိုက်နေတယ်။ ကျွန်တော် အလုပ်နှစ်ခု ဆက်လုပ်ခဲ့ပါတယ်။ ဖွင့်ထားတဲ့မီးကို ပိတ်လိုက်ပြီးနောက် ပြန်အိပ်လိုက်ပါတယ်" ။

နောက်ဝေဒနာရှင်တစ်ယောက်က ဒီလိုအကြံပေးပြန်ပါတယ်။ "ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ အသက်ပြင်းပြင်းလေး တစ်ချက်ရှူရှိုက်လိုက်ပါ၊အနည်းဆုံး စိတ်ငြိမ်သွားအောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်"တဲ့။

အကောင်းမြင်ဝါဒသမားတွေ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ "နာကျင်မှုဟာ ကျွန်တော့ကို ဒုက္ခပေးနေသလား ကျွန်တော် မသိပါ။ သို့သော် ပိုမိုသန်စွမ်းလာအောင် စွမ်းဆောင်ပေးနိုင်ပါသတဲ့။"

ဒေါက်တာအေးမင်းထူး
credit to >>>Health Care Journal(26.7.13)


သစ်​သီးဝလံထဲကအချိုဓာတ်​ကိုလည်း​ရှောင်​ကြဉ်​ရမလား


Saturday, September 29, 2018


🙉🙈🙊🙈🙉🙊🙈🙉🙊



မျောက်သွေးဗီဇပိုးရှိတဲ့သွေးဟာ မိဘတွေဆီကနေ မျိုးရိုးလိုက် အမွေဆက်ခံပြီး ရထားတာပါ… အမေမှာ မရှိပေမယ့် အဖေ့ဆီမှာရှိရင် ရလာတဲ့ သန္ဓေသားရဲ့သွေးဟာ မျောက်သွေးဗီဇပိုး ရှိတာဖြစ်နိုင်သလို၊ မရှိတာလည်း ဖြစ်နိုင်ပါတယ်… ဒါပေမယ့် မိဘနှစ်ပါးစလုံးက မျောက်သွေးဗီဇပိုးရှိနေရင် သားသမီးတွေမှာလည်း ရှိပါလိမ့်မယ်… မိဘနှစ်ပါးလုံးမှာ မျောက်သွေးဗီဇပိုးရှိတဲ့သွေး မရှိရင်တော့ သားသမီးတွေမှာလည်း မရှိနိုင်ပါဘူး… နောက်ပြီး မိခင်မှာ မျောက်သွေးဗီဇပိုးရှိတယ်ဆိုရင် သန္ဓေသား ရဲ့ သွေးက မျောက်သွေးဗီဇပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီမျောက်သွေးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုဖြစ်စဉ်(Rh disease, Rh Incompatibility) မဖြစ်နိုင်တော့ပါဘူး… မိခင်မှာ Positive ဖြစ်လို့ ဝမ်းသာရတာဆိုလို့ ဒီ မျောက်သွေးဗီဇပိုး Rh D (+) ve (Rhesus D Antigen positive) တစ်ခုပဲ ရှိပါတယ်…


မျောက်သွေးဗီဇပိုးကို ကိုယ်ဝန်ဆောင်သည်တွေမှာ အဓိကထားပြီး စစ်ပါတယ်… ဘာလို့လဲ ဆိုတော့ မိခင်ရဲ့ သွေးမှာက ဒီ မျောက်သွေးဗီဇပိုး Rh D Ag မရှိ (Rh negative) ဖြစ်ပြီး သန္ဓေသားရဲ့ သွေးမှာတော့ ဖခင်ဆီကနေ အမွေဆက်ခံရတဲ့ မျောက်သွေးဗီဇပိုး Rh D Ag (Rh positive) ဖြစ်နေမှာစိုးလို့ပါ… အဲ့ဒီလိုဖြစ်တဲ့အခါ မိခင်ရဲ့ သွေးထဲမှာ မျောက်သွေးကို ဆန့်ကျင်တဲ့ ကိုယ်ခံအားတွေဖြစ်ပေါ်ပြီး သန္ဓေသားရဲ့သွေးကို တိုက်ခိုက်ဖျက်ဆီးပစ်နိုင်တဲ့အတွက် သတိထားပြီး စစ်ရတာဖြစ်ပါတယ်… ဒါပေမယ့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်နေချိန် ကာလအတွင်းမှာတော့ အကြောင်းရင်း တစုံတရာမရှိဘဲ သန္ဓေသားဆီကသွေးက မိခင်ရဲ့သွေးနဲ့ ထိတွေ့မှုမရှိသေးတာကြောင့် မိခင်ဆီမှာ ကိုယ်ခံအား စပြီး မဖြစ်ပေါ်သေးပါဘူး…

ဘယ်လိုအခြေအနေတွေမှာ သန္ဓေသားရဲ့သွေးနဲ့ မိခင်ရဲ့သွေးထိတွေ့ပြီး ကိုယ်ခံအားတွေ စဖြစ်လာ နိုင်သလဲဆိုရင် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး လုပ်ရတဲ့ ကျန်းမာရေးစစ်ဆေးမှုတချို့၊ ဥပမာ- အပ်နဲ့ ရေမွှာအိတ်ထဲကနေ ရေမွှာရေနည်းနည်းလေး ဖောက်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Amniocentesis)၊ သန္ဓေသားရဲ့ အချင်းကနေ ဆဲလ်နည်းနည်းထုတ်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Chorionic Villus Sampling, CVS) တွေ လုပ်တဲ့အချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ရောနှောသွားနိုင်ပါတယ်… အဲ့ဒီလို ရောနှောသွားတဲ့အခါ မိခင်ရဲ့ သွေးထဲမှာ ကိုယ်ခံအားတွေ စပြီး ဖြစ်ပေါ် လာပါတော့တယ်… နောက်ပြီး ပထမအကြိမ်မှာ ကိုယ်ဝန်ပျက်ကျဖူးရင်လည်း ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ထိတွေ့နိုင်သလို သွေးသွင်းတဲ့အချိန်မှာ Rh D ရှိတဲ့သွေးကို မတော်တဆ သွင်းမိရင်လည်း ကိုယ့်မှာ Rh D Ab ကိုယ်ခံအားတွေ ရှိသွားနိုင်ပါတယ်…

အဲ့ဒီလို ကိုယ်ခံအားဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိရင် အကောင်းဆုံးကတော့ မိခင်ကို မျောက်သွေး ကိုယ်ခံအား ကာကွယ်ဆေး (Rh Anti D Vaccine or Rh0 D immunoglobulin or RhoGAM) ကို ထိုးပေးတာ အကောင်းဆုံးဖြစ်ပါတယ်… ကာကွယ်ဆေး ထိုးသင့်တဲ့အချိန်တွေကတော့ ကိုယ်ဝန် ၂၈ ပတ် ( ၇ လ) ပတ်ဝန်းကျင်မှာ ထိုးတာ၊ ကလေးမွေးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီး ၇၂ နာရီ (၃ ရက်) အတွင်းထိုးတာ၊ ကိုယ်ဝန်နဲ့ပတ်သက်လို့ အပေါ်ကပြောခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှု (Amniocentesis, Chorionic Villous Sampling) တွေ လုပ်ပြီးတိုင်းမှာ ထိုးပေးတာမျိုး လုပ်ရပါမယ်… နောက်ပြီး နေရာမှားသန္ဓေ (Ectopic Pregnancy) မှာလည်း ထိုးပေးရပါမယ်… သန္ဓေသား၊ ကလေးကိုတော့ လုံးဝ မထိုးပေးရပါဘူး… မိခင်က မျောက်သွေးဗီဇပိုး Rh D Ag(+) ရှိတယ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးစရာမလိုပါဘူး…

ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် သန္ဓေသားရဲ့ မျောက်သွေးဗီဇပိုးရှိတဲ့ Rh D positive သွေးတွေဟာ မိခင်ရဲ့ သွေးထဲကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာခဲ့ရင် အဲ့ဒီသွေးကို မိခင်ရဲ့ ကိုယ်ခံအားစနစ်က မထိတွေ့နိုင်ခင်မှာပဲ ကာကွယ်ဆေးထဲမှာပါတဲ့ မျောက်သွေးဗီဇပိုးဆန့်ကျင်ကိုယ်ခံအား (Rh immunoglobulin) တွေက ဖျက်ဆီးပစ်ပါတယ်… အဲ့ဒီလို ဖျက်ဆီးပစ်တဲ့အတွက် မိခင်မှာ ကိုယ်ခံအားမဖြစ်ပေါ်စေဘဲ ကလေးကို ထိခိုက်မယ့်ဘေးက ကာကွယ်ပြီး ဖြစ်ပါတယ်… အဲ့ဒီ မျောက်သွေးကိုဆန့်ကျင်တဲ့ ကိုယ်ခံအား (Rh ig) တွေက အချင်းကိုဖြတ်ပြီးတော့ ကလေးရဲ့သွေးထဲက Rh D positive သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်တာမျိုးလည်း မရှိတဲ့အတွက် ဘေးကင်းတဲ့ ကာကွယ်ဆေး တစ်ခုပါ... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မျောက်သွေးဗီဇပိုး ဆန့်ကျင်ကိုယ်ခံအားတွေ ရှိနေခဲ့ပြီ ဆိုရင်တော့ ကာကွယ်ဆေးထိုးလည်း မထိရောက်တော့ပါဘူး…

အဲ့ဒီ မျောက်သွေးဓာတ်မတည့်မှု ကာကွယ်ဆေး မထိုးမိဘူးဆိုရင် ပထမဆုံးကလေးက မွေးပြီးတဲ့အချိန်မှာ လွတ်သွားတယ်ဆိုပေမယ့် အဲ့ဒီမိခင်ရဲ့ သွေးထဲမှာဖြစ်လာတဲ့ မျောက်သွေး ဗီဇပိုးကို မှတ်သားထားတဲ့ ကိုယ်ခံအားဆဲလ် Rh D Ab (Rh D Antibodies) တွေဟာ အဲ့ဒီမိခင် နောက်တစ်ကြိမ်သန္ဓေတည်တဲ့အခါ အချင်းကိုဖြတ်ပြီး ဒုတိယမြောက်သန္ဓေသားရဲ့ သွေးဆဲလ်တွေကို ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်ဖျက်ဆီးစေပါတော့တယ်… အဲ့ဒီ ကံဆိုးရှာတဲ့ ဒုတိယမြောက် ကလေးဟာ မွေးလာတာနဲ့ သွေးနီဥတွေ ပြိုကွဲပျက်စီးမှုကြောင့် သွေးအားနည်း (Hemolytic Anemia) ပြီး အသားဝါ(Yellow coloration of skin, Jaundice) ဖြစ်လာတတ်ပါတယ်… ဒါ့အပြင် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်…

ဒီမျောက်သွေးဗီဇပိုးကာကွယ်ဆေးဟာ သွေးလှူဒါန်းသူ (Blood Donor) ရဲ့ သွေးကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်… ကာကွယ်ဆေးကို စပြီး တွေ့ရှိခဲ့တာလည်း အံ့သြစရာ၊ မှတ်သားစရာ ကောင်းပါတယ်… ၁၉၅၄ ခုနှစ်မှာ သြစတြေးလျ (Australia) နိုင်ငံသား James Christopher Harrison လို့ခေါ်တဲ့လူက သူ့အသက် ၁၈ နှစ်ပြည့်ပြီး ၂ ရက်အကြာမှာ သူ့ရဲ့သွေးကို စတင်လှူဒါန်းခဲ့ပါတယ်… အဲ့ဒီလို လှူဒါန်းပြီးတဲ့နောက်မှာ မျောက်သွေး Rh D Antigen ကိုဆန့်ကျင်ဖျက်ဆီးနိုင်တဲ့၊ အား အလွန်ကောင်းပြီး ထူးဆန်းတဲ့ ကိုယ်ခံအားတွေ သူ့ရဲ့သွေးထဲမှာရှိနေတာကို မထင်မှတ်ဘဲ တွေ့ခဲ့ကြပါတယ်… အဲ့ဒီလို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ကလေးငယ်တွေမှာ သွေးနီဥပျက်စီးပြီး အသားဝါစေတဲ့ မျောက်သွေးဓာတ်မတည့်မှုဖြစ်စဉ် (Rh incompatibility) ကို ကာကွယ်ပေးနိုင်တဲ့ မျောက်သွေးကိုယ်ခံအား ကာကွယ်ဆေး (Rh Immunoglobulin) တွေ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်… အဲ့ဒီမျောက်သွေးကာကွယ်ဆေးတွေအားလုံးက သူတစ်ယောက်ထဲလှူဒါန်းတဲ့သွေးတွေကနေ ထုတ်လုပ် ထားတာဖြစ်ပါတယ်…

Harrison ဟာ အကြိမ်ပေါင်း ၁၀၀၀ ကျော် သွေးလှူဒါန်းခဲ့ပြီး သူ့ရဲ့မွန်မြတ်တဲ့လှူဒါန်းမှုကြောင့် ကမ္ဘာတဝှမ်းက ကလေးငယ်ပေါင်း နှစ်သန်းကျော်ကို ဒီရောဂါကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်… အကြိမ် ၁၀၀၀ မြောက် သွေးလှူဒါန်းတာကို ၂၀၁၁ မေ လမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်… အဲ့ဒါကြောင့်မို့ သူ့ကို ရွှေလက်ပိုင်ရှင် (Man with the Golden Arm) လို့ တင်စားခေါ်ဝေါ်ကြပြီး သူ့ရဲ့ သွေးလှူဒါန်းမှုအကြိမ်ရေဟာ ကမ္ဘာ့ ဂင်းနစ်စံချိန်မှတ်တမ်း(World’s Guinness Records) ဝင်ခဲ့တဲ့အပြင် ၇.၆.၁၉၉၉ ခုနှစ်မှာ သူ့ကို OAM ဆု (Medal of the Order of Australia) ချီးမြှင့်ခဲ့ကြပါတယ်…


၂၃.၂.၂၀၁၇

@@@@@@
Unicode

`လူမှာတွေ့တဲ့ မျောက်သွေး´
🙉🙈🙊🙈🙉🙊🙈🙉🙊
ဒီဆောင်းပါးမှာတော့ မျောက်သွေးလို့ အများသိကြတဲ့ Rh သွေးအကြောင်း ပြောပြပေးပါ့မယ်… မျောက်သွေး လို့ ဘာကြောင့်ခေါ်ရတာလဲဆိုတော့ Dr. Karl Landsteiner နဲ့ Dr. Alexander S.Wiener တို့က ၁၉၃၇ ခုနှစ်မှာ Rhesus Monkey လို့ခေါ်တဲ့ မျောက်တွေကို စမ်းသပ်ရင်း ဒီမျောက်သွေးဗီဇပိုး Rhesus Antigen or Rhesus Factor (Rh Ag/ Rh factor) ကို စတွေ့ခဲ့တာကြောင့်ပဲဖြစ်ပါတယ်… အဲ့ဒီ မျောက်သွေးဗီဇပိုးဟာ လူ့သွေးထဲက သွေးနီဥဆဲလ် (Red Blood Cell) တွေရဲ့ မျက်နှာပြင်အမြှေးပါး (Surface Membrane)ပေါ်မှာရှိတာဖြစ်ပါတယ်…

မျောက်သွေးဗီဇပိုးသွေးအုပ်စုက အခုလက်ရှိမှာ အုပ်စု ၅၀ အထိ ရှိပါတယ်… အဲ့ဒီ အုပ်စု ၅၀ ထဲကမှ Rh C Ag, Rh c Ag, Rh D Ag, Rh E Ag, Rh e Ag ဆိုတဲ့ ဗီဇပိုး (၅) မျိုးဟာ အရေးအပါဆုံးဖြစ်ပါတယ်… ဒီထဲမှာ Rh d Ag (d အသေး) ဆိုတာတော့ မရှိပါဘူး… Rh d Ag ဆိုတာ Rh D Ag (D အကြီး) မရှိဘူး ဆိုတဲ့သဘောပါပဲ… အဲ့ဒီ မျောက်သွေးဗီဇပိုး ၅ မျိုးထဲမှာမှ Rh D Ag က အရေးအကြီးဆုံးဖြစ်ပါတယ်… အခု ကျွန်တော်တို့ ပြောပြောနေကြတဲ့ မျောက်သွေးဆိုတာက အဲ့ဒီ Rh D Ag တစ်ခုထဲကိုပဲ ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်… ကျန်တဲ့ Rh factors တွေမပါပါဘူး…

အဲ့ဒီ မျောက်သွေးဗီဇပိုး Rh D Ag ဟာ ‘သင် ဘာသွေးလဲ’ ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ A,B,O သွေးအုပ်စုထဲမှာရှိတဲ့ ဗီဇပိုး A Ag, B Ag တွေနဲ့အတူတွဲပြီးပဲဖြစ်ဖြစ်၊ သူ့ချည်းပဲဖြစ်ဖြစ် ရှိနေနိုင်တာပါ… ဥပမာပြောရရင် A သွေးရဲ့ သွေးနီဥဆဲလ်မျက်နှာပြင်ပေါ်မှာ ဗီဇပိုးA Ag နဲ့အတူ Rh D Ag ပါ တွဲလျက်ရှိနေတာကို ပြောချင်တာပါ… အဲ့ဒီလိုပဲ တခြားသွေးအုပ်စု ဗီဇပိုးတွေဟာလည်း သွေးနီဥဆဲလ်ရဲ့ မျက်နှာပြင်ပေါ်မှာ အဲ့ဒီ A Ag, B Ag တွေနဲ့အတူ တွဲပြီးရှိနေတာ ဖြစ်ပါတယ်… လူအများစုမှာ မျောက်သွေးဗီဇပိုး Rh D Ag ရှိကြပါတယ်…

မျောက်သွေးဗီဇပိုးရှိတဲ့သွေးဟာ မိဘတွေဆီကနေ မျိုးရိုးလိုက် အမွေဆက်ခံပြီး ရထားတာပါ… အမေမှာ မရှိပေမယ့် အဖေ့ဆီမှာရှိရင် ရလာတဲ့ သနေ္ဓသားရဲ့သွေးဟာ မျောက်သွေးဗီဇပိုး ရှိတာဖြစ်နိုင်သလို၊ မရှိတာလည်း ဖြစ်နိုင်ပါတယ်… ဒါပေမယ့် မိဘနှစ်ပါးစလုံးက မျောက်သွေးဗီဇပိုးရှိနေရင် သားသမီးတွေမှာလည်း ရှိပါလိမ့်မယ်… မိဘနှစ်ပါးလုံးမှာ မျောက်သွေးဗီဇပိုးရှိတဲ့သွေး မရှိရင်တော့ သားသမီးတွေမှာလည်း မရှိနိုင်ပါဘူး… နောက်ပြီး မိခင်မှာ မျောက်သွေးဗီဇပိုးရှိတယ်ဆိုရင် သနေ္ဓသား ရဲ့ သွေးက မျောက်သွေးဗီဇပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီမျောက်သွေးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုဖြစ်စဉ်(Rh disease, Rh Incompatibility) မဖြစ်နိုင်တော့ပါဘူး… မိခင်မှာ Positive ဖြစ်လို့ ဝမ်းသာရတာဆိုလို့ ဒီ မျောက်သွေးဗီဇပိုး Rh D (+) ve (Rhesus D Antigen positive) တစ်ခုပဲ ရှိပါတယ်…

အဲ့ဒီ မျောက်သွေးဗီဇပိုး Rh D Ag ရှိတဲ့သွေးကို အပေါင်းလက္ခဏာ(+) နဲ့ ဖော်ပြပြီး Rh D Ag မပါရှိရင်တော့ အဲ့ဒီသွေးကို အနှုတ်လက္ခဏာ (-) နဲ့ ဖော်ပြပါတယ်… ဥပမာ- A သွေးရဲ့ သွေးနီဥဆဲလ်မျက်နှာပြင်ပေါ်မှာ ဗီဇပိုး A Ag နဲ့ မျောက်သွေးဗီဇပိုး Rh D Ag တို့ အတူတွဲပြီးရှိနေရင် အဲ့ဒီ A သွေးကို A+ သွေးလို့ခေါ်ပါတယ်… တကယ်လို့ ဗီဇပိုး A Ag တစ်ခုပဲရှိပြီး မျောက်သွေးဗီဇပိုး Rh D Ag မရှိဘူးဆိုရင်တော့ အဲ့ဒီ A သွေးကို A- သွေး လို့ ခေါ်ပါတယ်… အဲ့ဒီလိုပဲ မျောက်သွေးဗီဇပိုး Rh D Ag ရှိ၊မရှိ ဆိုတာပေါ်မူတည်ပြီး သွေးအုပ်စု လေးခုဖြစ်တဲ့ A, B, AB, O တွေဟာ A+, A-, B+, B-, AB+, AB-, O+, O- ရယ်လို့ သွေးအုပ်စု ၈ ခု ပြန်ခွဲထွက်သွားတာ ဖြစ်ပါတယ်… အဲ့ဒီအထဲကမှ O- သွေးဟာ A Ag, B Ag မရှိတဲ့အပြင် မျောက်သွေးဗီဇပိုး Rh D Ag ပါ မရှိတာကြောင့် အရေးပေါ် သွေးလိုအပ်လို့ သွေးသွင်းရမယ်ဆိုရင် အကောင်းဆုံးဖြစ်တယ်လို့ စံပြုထားရတဲ့ သွေးအမျိုးအစားဖြစ်ပါတယ်…

မျောက်သွေးဗီဇပိုးကို ကိုယ်ဝန်ဆောင်သည်တွေမှာ အဓိကထားပြီး စစ်ပါတယ်… ဘာလို့လဲ ဆိုတော့ မိခင်ရဲ့ သွေးမှာက ဒီ မျောက်သွေးဗီဇပိုး Rh D Ag မရှိ (Rh negative) ဖြစ်ပြီး သနေ္ဓသားရဲ့ သွေးမှာတော့ ဖခင်ဆီကနေ အမွေဆက်ခံရတဲ့ မျောက်သွေးဗီဇပိုး Rh D Ag (Rh positive) ဖြစ်နေမှာစိုးလို့ပါ… အဲ့ဒီလိုဖြစ်တဲ့အခါ မိခင်ရဲ့ သွေးထဲမှာ မျောက်သွေးကို ဆန့်ကျင်တဲ့ ကိုယ်ခံအားတွေဖြစ်ပေါ်ပြီး သနေ္ဓသားရဲ့သွေးကို တိုက်ခိုက်ဖျက်ဆီးပစ်နိုင်တဲ့အတွက် သတိထားပြီး စစ်ရတာဖြစ်ပါတယ်… ဒါပေမယ့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်နေချိန် ကာလအတွင်းမှာတော့ အကြောင်းရင်း တစုံတရာမရှိဘဲ သနေ္ဓသားဆီကသွေးက မိခင်ရဲ့သွေးနဲ့ ထိတွေ့မှုမရှိသေးတာကြောင့် မိခင်ဆီမှာ ကိုယ်ခံအား စပြီး မဖြစ်ပေါ်သေးပါဘူး…

ဘယ်လိုအခြေအနေတွေမှာ သနေ္ဓသားရဲ့သွေးနဲ့ မိခင်ရဲ့သွေးထိတွေ့ပြီး ကိုယ်ခံအားတွေ စဖြစ်လာ နိုင်သလဲဆိုရင် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး လုပ်ရတဲ့ ကျန်းမာရေးစစ်ဆေးမှုတချို့၊ ဥပမာ- အပ်နဲ့ ရေမွှာအိတ်ထဲကနေ ရေမွှာရေနည်းနည်းလေး ဖောက်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Amniocentesis)၊ သနေ္ဓသားရဲ့ အချင်းကနေ ဆဲလ်နည်းနည်းထုတ်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Chorionic Villus Sampling, CVS) တွေ လုပ်တဲ့အချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ရောနှောသွားနိုင်ပါတယ်… အဲ့ဒီလို ရောနှောသွားတဲ့အခါ မိခင်ရဲ့ သွေးထဲမှာ ကိုယ်ခံအားတွေ စပြီး ဖြစ်ပေါ် လာပါတော့တယ်… နောက်ပြီး ပထမအကြိမ်မှာ ကိုယ်ဝန်ပျက်ကျဖူးရင်လည်း ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ထိတွေ့နိုင်သလို သွေးသွင်းတဲ့အချိန်မှာ Rh D ရှိတဲ့သွေးကို မတော်တဆ သွင်းမိရင်လည်း ကိုယ့်မှာ Rh D Ab ကိုယ်ခံအားတွေ ရှိသွားနိုင်ပါတယ်…

အဲ့ဒီလို ကိုယ်ခံအားဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိရင် အကောင်းဆုံးကတော့ မိခင်ကို မျောက်သွေး ကိုယ်ခံအား ကာကွယ်ဆေး (Rh Anti D Vaccine or Rh0 D immunoglobulin or RhoGAM) ကို ထိုးပေးတာ အကောင်းဆုံးဖြစ်ပါတယ်… ကာကွယ်ဆေး ထိုးသင့်တဲ့အချိန်တွေကတော့ ကိုယ်ဝန် ၂၈ ပတ် ( ၇ လ) ပတ်ဝန်းကျင်မှာ ထိုးတာ၊ ကလေးမွေးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီး ၇၂ နာရီ (၃ ရက်) အတွင်းထိုးတာ၊ ကိုယ်ဝန်နဲ့ပတ်သက်လို့ အပေါ်ကပြောခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှု (Amniocentesis, Chorionic Villous Sampling) တွေ လုပ်ပြီးတိုင်းမှာ ထိုးပေးတာမျိုး လုပ်ရပါမယ်… နောက်ပြီး နေရာမှားသနေ္ဓ (Ectopic Pregnancy) မှာလည်း ထိုးပေးရပါမယ်… သနေ္ဓသား၊ ကလေးကိုတော့ လုံးဝ မထိုးပေးရပါဘူး… မိခင်က မျောက်သွေးဗီဇပိုး Rh D Ag(+) ရှိတယ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးစရာမလိုပါဘူး…

ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် သနေ္ဓသားရဲ့ မျောက်သွေးဗီဇပိုးရှိတဲ့ Rh D positive သွေးတွေဟာ မိခင်ရဲ့ သွေးထဲကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာခဲ့ရင် အဲ့ဒီသွေးကို မိခင်ရဲ့ ကိုယ်ခံအားစနစ်က မထိတွေ့နိုင်ခင်မှာပဲ ကာကွယ်ဆေးထဲမှာပါတဲ့ မျောက်သွေးဗီဇပိုးဆန့်ကျင်ကိုယ်ခံအား (Rh immunoglobulin) တွေက ဖျက်ဆီးပစ်ပါတယ်… အဲ့ဒီလို ဖျက်ဆီးပစ်တဲ့အတွက် မိခင်မှာ ကိုယ်ခံအားမဖြစ်ပေါ်စေဘဲ ကလေးကို ထိခိုက်မယ့်ဘေးက ကာကွယ်ပြီး ဖြစ်ပါတယ်… အဲ့ဒီ မျောက်သွေးကိုဆန့်ကျင်တဲ့ ကိုယ်ခံအား (Rh ig) တွေက အချင်းကိုဖြတ်ပြီးတော့ ကလေးရဲ့သွေးထဲက Rh D positive သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်တာမျိုးလည်း မရှိတဲ့အတွက် ဘေးကင်းတဲ့ ကာကွယ်ဆေး တစ်ခုပါ... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မျောက်သွေးဗီဇပိုး ဆန့်ကျင်ကိုယ်ခံအားတွေ ရှိနေခဲ့ပြီ ဆိုရင်တော့ ကာကွယ်ဆေးထိုးလည်း မထိရောက်တော့ပါဘူး…

အဲ့ဒီ မျောက်သွေးဓာတ်မတည့်မှု ကာကွယ်ဆေး မထိုးမိဘူးဆိုရင် ပထမဆုံးကလေးက မွေးပြီးတဲ့အချိန်မှာ လွတ်သွားတယ်ဆိုပေမယ့် အဲ့ဒီမိခင်ရဲ့ သွေးထဲမှာဖြစ်လာတဲ့ မျောက်သွေး ဗီဇပိုးကို မှတ်သားထားတဲ့ ကိုယ်ခံအားဆဲလ် Rh D Ab (Rh D Antibodies) တွေဟာ အဲ့ဒီမိခင် နောက်တစ်ကြိမ်သနေ္ဓတည်တဲ့အခါ အချင်းကိုဖြတ်ပြီး ဒုတိယမြောက်သနေ္ဓသားရဲ့ သွေးဆဲလ်တွေကို ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်ဖျက်ဆီးစေပါတော့တယ်… အဲ့ဒီ ကံဆိုးရှာတဲ့ ဒုတိယမြောက် ကလေးဟာ မွေးလာတာနဲ့ သွေးနီဥတွေ ပြိုကွဲပျက်စီးမှုကြောင့် သွေးအားနည်း (Hemolytic Anemia) ပြီး အသားဝါ(Yellow coloration of skin, Jaundice) ဖြစ်လာတတ်ပါတယ်… ဒါ့အပြင် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်…

ဒီမျောက်သွေးဗီဇပိုးကာကွယ်ဆေးဟာ သွေးလှူဒါန်းသူ (Blood Donor) ရဲ့ သွေးကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်… ကာကွယ်ဆေးကို စပြီး တွေ့ရှိခဲ့တာလည်း အံ့သြစရာ၊ မှတ််သားစရာ ကောင်းပါတယ်… ၁၉၅၄ ခုနှစ်မှာ သြစတြေးလျ (Australia) နိုင်ငံသား James Christopher Harrison လို့ခေါ်တဲ့လူက သူ့အသက် ၁၈ နှစ်ပြည့်ပြီး ၂ ရက်အကြာမှာ သူ့ရဲ့သွေးကို စတင်လှူဒါန်းခဲ့ပါတယ်… အဲ့ဒီလို လှူဒါန်းပြီးတဲ့နောက်မှာ မျောက်သွေး Rh D Antigen ကိုဆန့်ကျင်ဖျက်ဆီးနိုင်တဲ့၊ အား အလွန်ကောင်းပြီး ထူးဆန်းတဲ့ ကိုယ်ခံအားတွေ သူ့ရဲ့သွေးထဲမှာရှိနေတာကို မထင်မှတ်ဘဲ တွေ့ခဲ့ကြပါတယ်… အဲ့ဒီလို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ကလေးငယ်တွေမှာ သွေးနီဥပျက်စီးပြီး အသားဝါစေတဲ့ မျောက်သွေးဓာတ်မတည့်မှုဖြစ်စဉ် (Rh incompatibility) ကို ကာကွယ်ပေးနိုင်တဲ့ မျောက်သွေးကိုယ်ခံအား ကာကွယ်ဆေး (Rh Immunoglobulin) တွေ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်… အဲ့ဒီမျောက်သွေးကာကွယ်ဆေးတွေအားလုံးက သူတစ်ယောက်ထဲလှူဒါန်းတဲ့သွေးတွေကနေ ထုတ်လုပ် ထားတာဖြစ်ပါတယ်…

Harrison ဟာ အကြိမ်ပေါင်း ၁၀၀၀ ကျော် သွေးလှူဒါန်းခဲ့ပြီး သူ့ရဲ့မွန်မြတ်တဲ့လှူဒါန်းမှုကြောင့် ကမ်ဘာတဝှမ်းက ကလေးငယ်ပေါင်း နှစ်သန်းကျော်ကို ဒီရောဂါကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်… အကြိမ် ၁၀၀၀ မြောက် သွေးလှူဒါန်းတာကို ၂၀၁၁ မေ လမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်… အဲ့ဒါကြောင့်မို့ သူ့ကို ရွှေလက်ပိုင်ရှင် (Man with the Golden Arm) လို့ တင်စားခေါ်ဝေါ်ကြပြီး သူ့ရဲ့ သွေးလှူဒါန်းမှုအကြိမ်ရေဟာ ကမ်ဘာ့ ဂင်းနစ်စံချိန်မှတ်တမ်း(World’s Guinness Records) ဝင်ခဲ့တဲ့အပြင် ၇.၆.၁၉၉၉ ခုနှစ်မှာ သူ့ကို OAM ဆု (Medal of the Order of Australia) ချီးမြှင့်ခဲ့ကြပါတယ်…

နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီဆောင်းပါးကို ဖတ်ပြီးတဲ့အခါ မျောက်သွေးဆိုတာ ဘာလဲလို့ နားလည်မယ်၊ မျောက်သွေးဓာတ်မတည့်မှုဖြစ်ရင် ကလေးအသားဝါပြီး အသက်အန္တရာယ် ထိခိုက်နိုင်တယ် ဆိုတာ နားလည်မယ်၊ ကာကွယ်ဆေးကို ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေတွေမှာ ထိုးသင့်တယ်ဆိုတာ တွေကို နားလည်မယ်လို့ ယူဆရင်း ကျနော့်ရဲ့ ‘လူမှာတွေ့တဲ့ မျောက်သွေး’ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရ စေဗျာ…

ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)
၂၃.၂.၂၀၁၇