🙉🙈🙊🙈🙉🙊🙈🙉🙊
မျောက်သွေးဗီဇပိုးရှိတဲ့သွေးဟာ မိဘတွေဆီကနေ မျိုးရိုးလိုက် အမွေဆက်ခံပြီး ရထားတာပါ… အမေမှာ မရှိပေမယ့် အဖေ့ဆီမှာရှိရင် ရလာတဲ့ သန္ဓေသားရဲ့သွေးဟာ မျောက်သွေးဗီဇပိုး ရှိတာဖြစ်နိုင်သလို၊ မရှိတာလည်း ဖြစ်နိုင်ပါတယ်… ဒါပေမယ့် မိဘနှစ်ပါးစလုံးက မျောက်သွေးဗီဇပိုးရှိနေရင် သားသမီးတွေမှာလည်း ရှိပါလိမ့်မယ်… မိဘနှစ်ပါးလုံးမှာ မျောက်သွေးဗီဇပိုးရှိတဲ့သွေး မရှိရင်တော့ သားသမီးတွေမှာလည်း မရှိနိုင်ပါဘူး… နောက်ပြီး မိခင်မှာ မျောက်သွေးဗီဇပိုးရှိတယ်ဆိုရင် သန္ဓေသား ရဲ့ သွေးက မျောက်သွေးဗီဇပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီမျောက်သွေးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုဖြစ်စဉ်(Rh disease, Rh Incompatibility) မဖြစ်နိုင်တော့ပါဘူး… မိခင်မှာ Positive ဖြစ်လို့ ဝမ်းသာရတာဆိုလို့ ဒီ မျောက်သွေးဗီဇပိုး Rh D (+) ve (Rhesus D Antigen positive) တစ်ခုပဲ ရှိပါတယ်…
မျောက်သွေးဗီဇပိုးကို ကိုယ်ဝန်ဆောင်သည်တွေမှာ အဓိကထားပြီး စစ်ပါတယ်… ဘာလို့လဲ ဆိုတော့ မိခင်ရဲ့ သွေးမှာက ဒီ မျောက်သွေးဗီဇပိုး Rh D Ag မရှိ (Rh negative) ဖြစ်ပြီး သန္ဓေသားရဲ့ သွေးမှာတော့ ဖခင်ဆီကနေ အမွေဆက်ခံရတဲ့ မျောက်သွေးဗီဇပိုး Rh D Ag (Rh positive) ဖြစ်နေမှာစိုးလို့ပါ… အဲ့ဒီလိုဖြစ်တဲ့အခါ မိခင်ရဲ့ သွေးထဲမှာ မျောက်သွေးကို ဆန့်ကျင်တဲ့ ကိုယ်ခံအားတွေဖြစ်ပေါ်ပြီး သန္ဓေသားရဲ့သွေးကို တိုက်ခိုက်ဖျက်ဆီးပစ်နိုင်တဲ့အတွက် သတိထားပြီး စစ်ရတာဖြစ်ပါတယ်… ဒါပေမယ့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်နေချိန် ကာလအတွင်းမှာတော့ အကြောင်းရင်း တစုံတရာမရှိဘဲ သန္ဓေသားဆီကသွေးက မိခင်ရဲ့သွေးနဲ့ ထိတွေ့မှုမရှိသေးတာကြောင့် မိခင်ဆီမှာ ကိုယ်ခံအား စပြီး မဖြစ်ပေါ်သေးပါဘူး…
ဘယ်လိုအခြေအနေတွေမှာ သန္ဓေသားရဲ့သွေးနဲ့ မိခင်ရဲ့သွေးထိတွေ့ပြီး ကိုယ်ခံအားတွေ စဖြစ်လာ နိုင်သလဲဆိုရင် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး လုပ်ရတဲ့ ကျန်းမာရေးစစ်ဆေးမှုတချို့၊ ဥပမာ- အပ်နဲ့ ရေမွှာအိတ်ထဲကနေ ရေမွှာရေနည်းနည်းလေး ဖောက်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Amniocentesis)၊ သန္ဓေသားရဲ့ အချင်းကနေ ဆဲလ်နည်းနည်းထုတ်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Chorionic Villus Sampling, CVS) တွေ လုပ်တဲ့အချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ရောနှောသွားနိုင်ပါတယ်… အဲ့ဒီလို ရောနှောသွားတဲ့အခါ မိခင်ရဲ့ သွေးထဲမှာ ကိုယ်ခံအားတွေ စပြီး ဖြစ်ပေါ် လာပါတော့တယ်… နောက်ပြီး ပထမအကြိမ်မှာ ကိုယ်ဝန်ပျက်ကျဖူးရင်လည်း ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ထိတွေ့နိုင်သလို သွေးသွင်းတဲ့အချိန်မှာ Rh D ရှိတဲ့သွေးကို မတော်တဆ သွင်းမိရင်လည်း ကိုယ့်မှာ Rh D Ab ကိုယ်ခံအားတွေ ရှိသွားနိုင်ပါတယ်…
အဲ့ဒီလို ကိုယ်ခံအားဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိရင် အကောင်းဆုံးကတော့ မိခင်ကို မျောက်သွေး ကိုယ်ခံအား ကာကွယ်ဆေး (Rh Anti D Vaccine or Rh0 D immunoglobulin or RhoGAM) ကို ထိုးပေးတာ အကောင်းဆုံးဖြစ်ပါတယ်… ကာကွယ်ဆေး ထိုးသင့်တဲ့အချိန်တွေကတော့ ကိုယ်ဝန် ၂၈ ပတ် ( ၇ လ) ပတ်ဝန်းကျင်မှာ ထိုးတာ၊ ကလေးမွေးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီး ၇၂ နာရီ (၃ ရက်) အတွင်းထိုးတာ၊ ကိုယ်ဝန်နဲ့ပတ်သက်လို့ အပေါ်ကပြောခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှု (Amniocentesis, Chorionic Villous Sampling) တွေ လုပ်ပြီးတိုင်းမှာ ထိုးပေးတာမျိုး လုပ်ရပါမယ်… နောက်ပြီး နေရာမှားသန္ဓေ (Ectopic Pregnancy) မှာလည်း ထိုးပေးရပါမယ်… သန္ဓေသား၊ ကလေးကိုတော့ လုံးဝ မထိုးပေးရပါဘူး… မိခင်က မျောက်သွေးဗီဇပိုး Rh D Ag(+) ရှိတယ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးစရာမလိုပါဘူး…
ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် သန္ဓေသားရဲ့ မျောက်သွေးဗီဇပိုးရှိတဲ့ Rh D positive သွေးတွေဟာ မိခင်ရဲ့ သွေးထဲကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာခဲ့ရင် အဲ့ဒီသွေးကို မိခင်ရဲ့ ကိုယ်ခံအားစနစ်က မထိတွေ့နိုင်ခင်မှာပဲ ကာကွယ်ဆေးထဲမှာပါတဲ့ မျောက်သွေးဗီဇပိုးဆန့်ကျင်ကိုယ်ခံအား (Rh immunoglobulin) တွေက ဖျက်ဆီးပစ်ပါတယ်… အဲ့ဒီလို ဖျက်ဆီးပစ်တဲ့အတွက် မိခင်မှာ ကိုယ်ခံအားမဖြစ်ပေါ်စေဘဲ ကလေးကို ထိခိုက်မယ့်ဘေးက ကာကွယ်ပြီး ဖြစ်ပါတယ်… အဲ့ဒီ မျောက်သွေးကိုဆန့်ကျင်တဲ့ ကိုယ်ခံအား (Rh ig) တွေက အချင်းကိုဖြတ်ပြီးတော့ ကလေးရဲ့သွေးထဲက Rh D positive သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်တာမျိုးလည်း မရှိတဲ့အတွက် ဘေးကင်းတဲ့ ကာကွယ်ဆေး တစ်ခုပါ... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မျောက်သွေးဗီဇပိုး ဆန့်ကျင်ကိုယ်ခံအားတွေ ရှိနေခဲ့ပြီ ဆိုရင်တော့ ကာကွယ်ဆေးထိုးလည်း မထိရောက်တော့ပါဘူး…
အဲ့ဒီ မျောက်သွေးဓာတ်မတည့်မှု ကာကွယ်ဆေး မထိုးမိဘူးဆိုရင် ပထမဆုံးကလေးက မွေးပြီးတဲ့အချိန်မှာ လွတ်သွားတယ်ဆိုပေမယ့် အဲ့ဒီမိခင်ရဲ့ သွေးထဲမှာဖြစ်လာတဲ့ မျောက်သွေး ဗီဇပိုးကို မှတ်သားထားတဲ့ ကိုယ်ခံအားဆဲလ် Rh D Ab (Rh D Antibodies) တွေဟာ အဲ့ဒီမိခင် နောက်တစ်ကြိမ်သန္ဓေတည်တဲ့အခါ အချင်းကိုဖြတ်ပြီး ဒုတိယမြောက်သန္ဓေသားရဲ့ သွေးဆဲလ်တွေကို ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်ဖျက်ဆီးစေပါတော့တယ်… အဲ့ဒီ ကံဆိုးရှာတဲ့ ဒုတိယမြောက် ကလေးဟာ မွေးလာတာနဲ့ သွေးနီဥတွေ ပြိုကွဲပျက်စီးမှုကြောင့် သွေးအားနည်း (Hemolytic Anemia) ပြီး အသားဝါ(Yellow coloration of skin, Jaundice) ဖြစ်လာတတ်ပါတယ်… ဒါ့အပြင် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်…
ဒီမျောက်သွေးဗီဇပိုးကာကွယ်ဆေးဟာ သွေးလှူဒါန်းသူ (Blood Donor) ရဲ့ သွေးကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်… ကာကွယ်ဆေးကို စပြီး တွေ့ရှိခဲ့တာလည်း အံ့သြစရာ၊ မှတ်သားစရာ ကောင်းပါတယ်… ၁၉၅၄ ခုနှစ်မှာ သြစတြေးလျ (Australia) နိုင်ငံသား James Christopher Harrison လို့ခေါ်တဲ့လူက သူ့အသက် ၁၈ နှစ်ပြည့်ပြီး ၂ ရက်အကြာမှာ သူ့ရဲ့သွေးကို စတင်လှူဒါန်းခဲ့ပါတယ်… အဲ့ဒီလို လှူဒါန်းပြီးတဲ့နောက်မှာ မျောက်သွေး Rh D Antigen ကိုဆန့်ကျင်ဖျက်ဆီးနိုင်တဲ့၊ အား အလွန်ကောင်းပြီး ထူးဆန်းတဲ့ ကိုယ်ခံအားတွေ သူ့ရဲ့သွေးထဲမှာရှိနေတာကို မထင်မှတ်ဘဲ တွေ့ခဲ့ကြပါတယ်… အဲ့ဒီလို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ကလေးငယ်တွေမှာ သွေးနီဥပျက်စီးပြီး အသားဝါစေတဲ့ မျောက်သွေးဓာတ်မတည့်မှုဖြစ်စဉ် (Rh incompatibility) ကို ကာကွယ်ပေးနိုင်တဲ့ မျောက်သွေးကိုယ်ခံအား ကာကွယ်ဆေး (Rh Immunoglobulin) တွေ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်… အဲ့ဒီမျောက်သွေးကာကွယ်ဆေးတွေအားလုံးက သူတစ်ယောက်ထဲလှူဒါန်းတဲ့သွေးတွေကနေ ထုတ်လုပ် ထားတာဖြစ်ပါတယ်…
Harrison ဟာ အကြိမ်ပေါင်း ၁၀၀၀ ကျော် သွေးလှူဒါန်းခဲ့ပြီး သူ့ရဲ့မွန်မြတ်တဲ့လှူဒါန်းမှုကြောင့် ကမ္ဘာတဝှမ်းက ကလေးငယ်ပေါင်း နှစ်သန်းကျော်ကို ဒီရောဂါကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်… အကြိမ် ၁၀၀၀ မြောက် သွေးလှူဒါန်းတာကို ၂၀၁၁ မေ လမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်… အဲ့ဒါကြောင့်မို့ သူ့ကို ရွှေလက်ပိုင်ရှင် (Man with the Golden Arm) လို့ တင်စားခေါ်ဝေါ်ကြပြီး သူ့ရဲ့ သွေးလှူဒါန်းမှုအကြိမ်ရေဟာ ကမ္ဘာ့ ဂင်းနစ်စံချိန်မှတ်တမ်း(World’s Guinness Records) ဝင်ခဲ့တဲ့အပြင် ၇.၆.၁၉၉၉ ခုနှစ်မှာ သူ့ကို OAM ဆု (Medal of the Order of Australia) ချီးမြှင့်ခဲ့ကြပါတယ်…
၂၃.၂.၂၀၁၇
@@@@@@
Unicode
`လူမှာတွေ့တဲ့ မျောက်သွေး´
🙉🙈🙊🙈🙉🙊🙈🙉🙊
ဒီဆောင်းပါးမှာတော့ မျောက်သွေးလို့ အများသိကြတဲ့ Rh သွေးအကြောင်း ပြောပြပေးပါ့မယ်… မျောက်သွေး လို့ ဘာကြောင့်ခေါ်ရတာလဲဆိုတော့ Dr. Karl Landsteiner နဲ့ Dr. Alexander S.Wiener တို့က ၁၉၃၇ ခုနှစ်မှာ Rhesus Monkey လို့ခေါ်တဲ့ မျောက်တွေကို စမ်းသပ်ရင်း ဒီမျောက်သွေးဗီဇပိုး Rhesus Antigen or Rhesus Factor (Rh Ag/ Rh factor) ကို စတွေ့ခဲ့တာကြောင့်ပဲဖြစ်ပါတယ်… အဲ့ဒီ မျောက်သွေးဗီဇပိုးဟာ လူ့သွေးထဲက သွေးနီဥဆဲလ် (Red Blood Cell) တွေရဲ့ မျက်နှာပြင်အမြှေးပါး (Surface Membrane)ပေါ်မှာရှိတာဖြစ်ပါတယ်…
မျောက်သွေးဗီဇပိုးသွေးအုပ်စုက အခုလက်ရှိမှာ အုပ်စု ၅၀ အထိ ရှိပါတယ်… အဲ့ဒီ အုပ်စု ၅၀ ထဲကမှ Rh C Ag, Rh c Ag, Rh D Ag, Rh E Ag, Rh e Ag ဆိုတဲ့ ဗီဇပိုး (၅) မျိုးဟာ အရေးအပါဆုံးဖြစ်ပါတယ်… ဒီထဲမှာ Rh d Ag (d အသေး) ဆိုတာတော့ မရှိပါဘူး… Rh d Ag ဆိုတာ Rh D Ag (D အကြီး) မရှိဘူး ဆိုတဲ့သဘောပါပဲ… အဲ့ဒီ မျောက်သွေးဗီဇပိုး ၅ မျိုးထဲမှာမှ Rh D Ag က အရေးအကြီးဆုံးဖြစ်ပါတယ်… အခု ကျွန်တော်တို့ ပြောပြောနေကြတဲ့ မျောက်သွေးဆိုတာက အဲ့ဒီ Rh D Ag တစ်ခုထဲကိုပဲ ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်… ကျန်တဲ့ Rh factors တွေမပါပါဘူး…
အဲ့ဒီ မျောက်သွေးဗီဇပိုး Rh D Ag ဟာ ‘သင် ဘာသွေးလဲ’ ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ A,B,O သွေးအုပ်စုထဲမှာရှိတဲ့ ဗီဇပိုး A Ag, B Ag တွေနဲ့အတူတွဲပြီးပဲဖြစ်ဖြစ်၊ သူ့ချည်းပဲဖြစ်ဖြစ် ရှိနေနိုင်တာပါ… ဥပမာပြောရရင် A သွေးရဲ့ သွေးနီဥဆဲလ်မျက်နှာပြင်ပေါ်မှာ ဗီဇပိုးA Ag နဲ့အတူ Rh D Ag ပါ တွဲလျက်ရှိနေတာကို ပြောချင်တာပါ… အဲ့ဒီလိုပဲ တခြားသွေးအုပ်စု ဗီဇပိုးတွေဟာလည်း သွေးနီဥဆဲလ်ရဲ့ မျက်နှာပြင်ပေါ်မှာ အဲ့ဒီ A Ag, B Ag တွေနဲ့အတူ တွဲပြီးရှိနေတာ ဖြစ်ပါတယ်… လူအများစုမှာ မျောက်သွေးဗီဇပိုး Rh D Ag ရှိကြပါတယ်…
မျောက်သွေးဗီဇပိုးရှိတဲ့သွေးဟာ မိဘတွေဆီကနေ မျိုးရိုးလိုက် အမွေဆက်ခံပြီး ရထားတာပါ… အမေမှာ မရှိပေမယ့် အဖေ့ဆီမှာရှိရင် ရလာတဲ့ သနေ္ဓသားရဲ့သွေးဟာ မျောက်သွေးဗီဇပိုး ရှိတာဖြစ်နိုင်သလို၊ မရှိတာလည်း ဖြစ်နိုင်ပါတယ်… ဒါပေမယ့် မိဘနှစ်ပါးစလုံးက မျောက်သွေးဗီဇပိုးရှိနေရင် သားသမီးတွေမှာလည်း ရှိပါလိမ့်မယ်… မိဘနှစ်ပါးလုံးမှာ မျောက်သွေးဗီဇပိုးရှိတဲ့သွေး မရှိရင်တော့ သားသမီးတွေမှာလည်း မရှိနိုင်ပါဘူး… နောက်ပြီး မိခင်မှာ မျောက်သွေးဗီဇပိုးရှိတယ်ဆိုရင် သနေ္ဓသား ရဲ့ သွေးက မျောက်သွေးဗီဇပိုး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီမျောက်သွေးကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုဖြစ်စဉ်(Rh disease, Rh Incompatibility) မဖြစ်နိုင်တော့ပါဘူး… မိခင်မှာ Positive ဖြစ်လို့ ဝမ်းသာရတာဆိုလို့ ဒီ မျောက်သွေးဗီဇပိုး Rh D (+) ve (Rhesus D Antigen positive) တစ်ခုပဲ ရှိပါတယ်…
အဲ့ဒီ မျောက်သွေးဗီဇပိုး Rh D Ag ရှိတဲ့သွေးကို အပေါင်းလက္ခဏာ(+) နဲ့ ဖော်ပြပြီး Rh D Ag မပါရှိရင်တော့ အဲ့ဒီသွေးကို အနှုတ်လက္ခဏာ (-) နဲ့ ဖော်ပြပါတယ်… ဥပမာ- A သွေးရဲ့ သွေးနီဥဆဲလ်မျက်နှာပြင်ပေါ်မှာ ဗီဇပိုး A Ag နဲ့ မျောက်သွေးဗီဇပိုး Rh D Ag တို့ အတူတွဲပြီးရှိနေရင် အဲ့ဒီ A သွေးကို A+ သွေးလို့ခေါ်ပါတယ်… တကယ်လို့ ဗီဇပိုး A Ag တစ်ခုပဲရှိပြီး မျောက်သွေးဗီဇပိုး Rh D Ag မရှိဘူးဆိုရင်တော့ အဲ့ဒီ A သွေးကို A- သွေး လို့ ခေါ်ပါတယ်… အဲ့ဒီလိုပဲ မျောက်သွေးဗီဇပိုး Rh D Ag ရှိ၊မရှိ ဆိုတာပေါ်မူတည်ပြီး သွေးအုပ်စု လေးခုဖြစ်တဲ့ A, B, AB, O တွေဟာ A+, A-, B+, B-, AB+, AB-, O+, O- ရယ်လို့ သွေးအုပ်စု ၈ ခု ပြန်ခွဲထွက်သွားတာ ဖြစ်ပါတယ်… အဲ့ဒီအထဲကမှ O- သွေးဟာ A Ag, B Ag မရှိတဲ့အပြင် မျောက်သွေးဗီဇပိုး Rh D Ag ပါ မရှိတာကြောင့် အရေးပေါ် သွေးလိုအပ်လို့ သွေးသွင်းရမယ်ဆိုရင် အကောင်းဆုံးဖြစ်တယ်လို့ စံပြုထားရတဲ့ သွေးအမျိုးအစားဖြစ်ပါတယ်…
မျောက်သွေးဗီဇပိုးကို ကိုယ်ဝန်ဆောင်သည်တွေမှာ အဓိကထားပြီး စစ်ပါတယ်… ဘာလို့လဲ ဆိုတော့ မိခင်ရဲ့ သွေးမှာက ဒီ မျောက်သွေးဗီဇပိုး Rh D Ag မရှိ (Rh negative) ဖြစ်ပြီး သနေ္ဓသားရဲ့ သွေးမှာတော့ ဖခင်ဆီကနေ အမွေဆက်ခံရတဲ့ မျောက်သွေးဗီဇပိုး Rh D Ag (Rh positive) ဖြစ်နေမှာစိုးလို့ပါ… အဲ့ဒီလိုဖြစ်တဲ့အခါ မိခင်ရဲ့ သွေးထဲမှာ မျောက်သွေးကို ဆန့်ကျင်တဲ့ ကိုယ်ခံအားတွေဖြစ်ပေါ်ပြီး သနေ္ဓသားရဲ့သွေးကို တိုက်ခိုက်ဖျက်ဆီးပစ်နိုင်တဲ့အတွက် သတိထားပြီး စစ်ရတာဖြစ်ပါတယ်… ဒါပေမယ့် ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်နေချိန် ကာလအတွင်းမှာတော့ အကြောင်းရင်း တစုံတရာမရှိဘဲ သနေ္ဓသားဆီကသွေးက မိခင်ရဲ့သွေးနဲ့ ထိတွေ့မှုမရှိသေးတာကြောင့် မိခင်ဆီမှာ ကိုယ်ခံအား စပြီး မဖြစ်ပေါ်သေးပါဘူး…
ဘယ်လိုအခြေအနေတွေမှာ သနေ္ဓသားရဲ့သွေးနဲ့ မိခင်ရဲ့သွေးထိတွေ့ပြီး ကိုယ်ခံအားတွေ စဖြစ်လာ နိုင်သလဲဆိုရင် ကိုယ်ဝန်နဲ့ ပတ်သက်ပြီး လုပ်ရတဲ့ ကျန်းမာရေးစစ်ဆေးမှုတချို့၊ ဥပမာ- အပ်နဲ့ ရေမွှာအိတ်ထဲကနေ ရေမွှာရေနည်းနည်းလေး ဖောက်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Amniocentesis)၊ သနေ္ဓသားရဲ့ အချင်းကနေ ဆဲလ်နည်းနည်းထုတ်ယူပြီး စစ်ဆေးရတဲ့ စစ်ဆေးမှု (Chorionic Villus Sampling, CVS) တွေ လုပ်တဲ့အချိန်နဲ့ ကလေးမွေးဖွားချိန်တွေမှာ ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ရောနှောသွားနိုင်ပါတယ်… အဲ့ဒီလို ရောနှောသွားတဲ့အခါ မိခင်ရဲ့ သွေးထဲမှာ ကိုယ်ခံအားတွေ စပြီး ဖြစ်ပေါ် လာပါတော့တယ်… နောက်ပြီး ပထမအကြိမ်မှာ ကိုယ်ဝန်ပျက်ကျဖူးရင်လည်း ကလေးရဲ့သွေးနဲ့ မိခင်ရဲ့သွေး ထိတွေ့နိုင်သလို သွေးသွင်းတဲ့အချိန်မှာ Rh D ရှိတဲ့သွေးကို မတော်တဆ သွင်းမိရင်လည်း ကိုယ့်မှာ Rh D Ab ကိုယ်ခံအားတွေ ရှိသွားနိုင်ပါတယ်…
အဲ့ဒီလို ကိုယ်ခံအားဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိရင် အကောင်းဆုံးကတော့ မိခင်ကို မျောက်သွေး ကိုယ်ခံအား ကာကွယ်ဆေး (Rh Anti D Vaccine or Rh0 D immunoglobulin or RhoGAM) ကို ထိုးပေးတာ အကောင်းဆုံးဖြစ်ပါတယ်… ကာကွယ်ဆေး ထိုးသင့်တဲ့အချိန်တွေကတော့ ကိုယ်ဝန် ၂၈ ပတ် ( ၇ လ) ပတ်ဝန်းကျင်မှာ ထိုးတာ၊ ကလေးမွေးပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီး ၇၂ နာရီ (၃ ရက်) အတွင်းထိုးတာ၊ ကိုယ်ဝန်နဲ့ပတ်သက်လို့ အပေါ်ကပြောခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှု (Amniocentesis, Chorionic Villous Sampling) တွေ လုပ်ပြီးတိုင်းမှာ ထိုးပေးတာမျိုး လုပ်ရပါမယ်… နောက်ပြီး နေရာမှားသနေ္ဓ (Ectopic Pregnancy) မှာလည်း ထိုးပေးရပါမယ်… သနေ္ဓသား၊ ကလေးကိုတော့ လုံးဝ မထိုးပေးရပါဘူး… မိခင်က မျောက်သွေးဗီဇပိုး Rh D Ag(+) ရှိတယ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးစရာမလိုပါဘူး…
ကာကွယ်ဆေးထိုးပေးခြင်းအားဖြင့် သနေ္ဓသားရဲ့ မျောက်သွေးဗီဇပိုးရှိတဲ့ Rh D positive သွေးတွေဟာ မိခင်ရဲ့ သွေးထဲကို အကြောင်းအမျိုးမျိုးနဲ့ရောက်လာခဲ့ရင် အဲ့ဒီသွေးကို မိခင်ရဲ့ ကိုယ်ခံအားစနစ်က မထိတွေ့နိုင်ခင်မှာပဲ ကာကွယ်ဆေးထဲမှာပါတဲ့ မျောက်သွေးဗီဇပိုးဆန့်ကျင်ကိုယ်ခံအား (Rh immunoglobulin) တွေက ဖျက်ဆီးပစ်ပါတယ်… အဲ့ဒီလို ဖျက်ဆီးပစ်တဲ့အတွက် မိခင်မှာ ကိုယ်ခံအားမဖြစ်ပေါ်စေဘဲ ကလေးကို ထိခိုက်မယ့်ဘေးက ကာကွယ်ပြီး ဖြစ်ပါတယ်… အဲ့ဒီ မျောက်သွေးကိုဆန့်ကျင်တဲ့ ကိုယ်ခံအား (Rh ig) တွေက အချင်းကိုဖြတ်ပြီးတော့ ကလေးရဲ့သွေးထဲက Rh D positive သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်တာမျိုးလည်း မရှိတဲ့အတွက် ဘေးကင်းတဲ့ ကာကွယ်ဆေး တစ်ခုပါ... ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မျောက်သွေးဗီဇပိုး ဆန့်ကျင်ကိုယ်ခံအားတွေ ရှိနေခဲ့ပြီ ဆိုရင်တော့ ကာကွယ်ဆေးထိုးလည်း မထိရောက်တော့ပါဘူး…
အဲ့ဒီ မျောက်သွေးဓာတ်မတည့်မှု ကာကွယ်ဆေး မထိုးမိဘူးဆိုရင် ပထမဆုံးကလေးက မွေးပြီးတဲ့အချိန်မှာ လွတ်သွားတယ်ဆိုပေမယ့် အဲ့ဒီမိခင်ရဲ့ သွေးထဲမှာဖြစ်လာတဲ့ မျောက်သွေး ဗီဇပိုးကို မှတ်သားထားတဲ့ ကိုယ်ခံအားဆဲလ် Rh D Ab (Rh D Antibodies) တွေဟာ အဲ့ဒီမိခင် နောက်တစ်ကြိမ်သနေ္ဓတည်တဲ့အခါ အချင်းကိုဖြတ်ပြီး ဒုတိယမြောက်သနေ္ဓသားရဲ့ သွေးဆဲလ်တွေကို ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်ဖျက်ဆီးစေပါတော့တယ်… အဲ့ဒီ ကံဆိုးရှာတဲ့ ဒုတိယမြောက် ကလေးဟာ မွေးလာတာနဲ့ သွေးနီဥတွေ ပြိုကွဲပျက်စီးမှုကြောင့် သွေးအားနည်း (Hemolytic Anemia) ပြီး အသားဝါ(Yellow coloration of skin, Jaundice) ဖြစ်လာတတ်ပါတယ်… ဒါ့အပြင် ပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်…
ဒီမျောက်သွေးဗီဇပိုးကာကွယ်ဆေးဟာ သွေးလှူဒါန်းသူ (Blood Donor) ရဲ့ သွေးကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်… ကာကွယ်ဆေးကို စပြီး တွေ့ရှိခဲ့တာလည်း အံ့သြစရာ၊ မှတ််သားစရာ ကောင်းပါတယ်… ၁၉၅၄ ခုနှစ်မှာ သြစတြေးလျ (Australia) နိုင်ငံသား James Christopher Harrison လို့ခေါ်တဲ့လူက သူ့အသက် ၁၈ နှစ်ပြည့်ပြီး ၂ ရက်အကြာမှာ သူ့ရဲ့သွေးကို စတင်လှူဒါန်းခဲ့ပါတယ်… အဲ့ဒီလို လှူဒါန်းပြီးတဲ့နောက်မှာ မျောက်သွေး Rh D Antigen ကိုဆန့်ကျင်ဖျက်ဆီးနိုင်တဲ့၊ အား အလွန်ကောင်းပြီး ထူးဆန်းတဲ့ ကိုယ်ခံအားတွေ သူ့ရဲ့သွေးထဲမှာရှိနေတာကို မထင်မှတ်ဘဲ တွေ့ခဲ့ကြပါတယ်… အဲ့ဒီလို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ကလေးငယ်တွေမှာ သွေးနီဥပျက်စီးပြီး အသားဝါစေတဲ့ မျောက်သွေးဓာတ်မတည့်မှုဖြစ်စဉ် (Rh incompatibility) ကို ကာကွယ်ပေးနိုင်တဲ့ မျောက်သွေးကိုယ်ခံအား ကာကွယ်ဆေး (Rh Immunoglobulin) တွေ ပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်… အဲ့ဒီမျောက်သွေးကာကွယ်ဆေးတွေအားလုံးက သူတစ်ယောက်ထဲလှူဒါန်းတဲ့သွေးတွေကနေ ထုတ်လုပ် ထားတာဖြစ်ပါတယ်…
Harrison ဟာ အကြိမ်ပေါင်း ၁၀၀၀ ကျော် သွေးလှူဒါန်းခဲ့ပြီး သူ့ရဲ့မွန်မြတ်တဲ့လှူဒါန်းမှုကြောင့် ကမ်ဘာတဝှမ်းက ကလေးငယ်ပေါင်း နှစ်သန်းကျော်ကို ဒီရောဂါကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်… အကြိမ် ၁၀၀၀ မြောက် သွေးလှူဒါန်းတာကို ၂၀၁၁ မေ လမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်… အဲ့ဒါကြောင့်မို့ သူ့ကို ရွှေလက်ပိုင်ရှင် (Man with the Golden Arm) လို့ တင်စားခေါ်ဝေါ်ကြပြီး သူ့ရဲ့ သွေးလှူဒါန်းမှုအကြိမ်ရေဟာ ကမ်ဘာ့ ဂင်းနစ်စံချိန်မှတ်တမ်း(World’s Guinness Records) ဝင်ခဲ့တဲ့အပြင် ၇.၆.၁၉၉၉ ခုနှစ်မှာ သူ့ကို OAM ဆု (Medal of the Order of Australia) ချီးမြှင့်ခဲ့ကြပါတယ်…
နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီဆောင်းပါးကို ဖတ်ပြီးတဲ့အခါ မျောက်သွေးဆိုတာ ဘာလဲလို့ နားလည်မယ်၊ မျောက်သွေးဓာတ်မတည့်မှုဖြစ်ရင် ကလေးအသားဝါပြီး အသက်အန္တရာယ် ထိခိုက်နိုင်တယ် ဆိုတာ နားလည်မယ်၊ ကာကွယ်ဆေးကို ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေတွေမှာ ထိုးသင့်တယ်ဆိုတာ တွေကို နားလည်မယ်လို့ ယူဆရင်း ကျနော့်ရဲ့ ‘လူမှာတွေ့တဲ့ မျောက်သွေး’ ဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရ စေဗျာ…
ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)
၂၃.၂.၂၀၁၇
သင်သွေးလိုအပ်ပါက သွေးကုသိုလ်ကွန်ရက်ရွှေအိမ်စည် ၀၉၅၀၆၀၄၄၇ ကိုဖုန်းဆက်ရယူပါ။
Saturday, September 29, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment