ေသြးလိုအပ္ပါက ၀၉၅၀၆၀၄၄၇ ကိုဖုန္းဆက္ရယူပါ။အမ်ားအက်ိဳးျပဳျခင္းျဖင့္ေပ်ာ္ရႊင္မွုရပါေစ ခ်စ္ေသာေရႊအိမ္စည္

Saturday, September 29, 2018

ပိန္​ဖို႔ဆိုအစာငတ္​ခံဖို႔မလိုပါဘူး

#ပိန္ဖို႔ဆို....အစာငတ္ခံစရာမလိုပါဘူး......
ေလ့က်င့္ခန္းမွန္မွန္လုပ္
ေအာက္က နည္းေလးေတြၾကည့္
_______________________________
ကိုယ္အေလးခ်ိန္ေလ်ွာ့က်ေစမည့္ခလုတ္(၁၂)ခု
အေလးခ်ိန္ကို ညတြင္းခ်င္းေလ်ွာ့ေစဖို႔
စိတ္ကူးမယဥ္သင့္ပါ။
မိမိအမူအက်င့္မ်ားကို ေျပာင္းယူျခင္းျဖင့္
စိတ္႐ွည္လက္႐ွည္ႀကိဳးစားသင့္ပါသည္။

၁။အစားမစားမီေရေသာက္ပါ။
မနက္စာ၊ေန႔လည္စာ၊ညစာ မစားမီ
ေရတဖန္ခြက္ အရင္ေသာက္ပါ။
ခႏၲာကိုယ္မွာ ေရဓာတ္နည္းလွ်င္
ဇီ၀ကမၼျဖစ္စဥ္ ကေမာက္ကမျဖစ္၍
ဆာေလာင္မႈျဖစ္ေစပါသည္။
အစာမစားမီ ေရေသာက္လ်ွင္ စားခ်င္သည့္
ခ်င္ျခင္းကို ပ်က္ျပယ္ေစပါသည္။
စားသည့္ ပမာဏကိုလည္း
ေလ်ွာ့နည္းေစပါမည္။

၂။ပုဂံေသးေသး အသံုးျပဳ ၿပီး
   အစာပမာဏေလွ်ာ့ပါ။
ညစာစားသည့္ပုဂံကိုေသးေသးေျပာင္းမယ္
စားသည့္ အစာပမာဏကို ေလွ်ာ့မယ္
ေသာက္သည့္ေရဖန္ခြက္ကို ႀကီးလိုက္မယ္
ဆိုရင္ ေကာင္းပါသည္။

၃။ေျခေထာက္ကိုပိုမိုအသံုးျပဳပါ။
ေလွခါးအသံုးျပဳပါ။(စက္ေလွကား၊ဓာတ္ေလွကားမသံုးပါနဲ႔)
ကားရပ္စခန္းတြင္ကားကို ခပ္ေ၀းေ၀းသြားရပ္ပီ လမ္းေလ်ွာက္ပါ။
အထိုင္မ်ားလွ်င္ေခတၱနားၿပီး
လမ္းထေလ်ွာက္ပါ။
ေျခသလံုးႂကြက္သားမ်ားကကယ္လိုရီမ်ားကို
ေကာင္းစြာ ေလာင္ကြၽမ္းေစၿပီး
အဆီစုျခင္းကို ေလွ်ာ့ေစပါသည္။

၄။က်န္းမာေရးနည္းလမ္းမ်ား ႐ွာေဖြပါ။
၀ိတ္ခ်ဖို႔ အစာငတ္ခံစရာ မလိုပါ။
အဆီမ်ားသည့္အစာမ်ား အစား
အဆီနည္းပါးသည့္ အစာမ်ားစားႏိုင္သည္။
ဥပမာ-အဆီထုတ္ထားေသာႏို႔၊
         ေကြကာအုတ္၊ဂ်ံဳ..စသည့္။

၅။မဆာရင္ မစားပါႏွင့္
အပ်င္းေျပစားျခင္း၊သေရစာစားျခင္းကိုေ႐ွာင္ပါ။

၆။က်န္းမာေရးႏွင့္မညီၫြတ္ေသာအစာမ်ားေ႐ွာင္ပါ။

၇။အေစ့အဆံ၊ႏို႔၊အသားတို႔ကို နံနက္စာတြင္အဓိကထား စားပါ။
အိပ္ယာထစတြင္ ႂကြက္သားမ်ားအားေပ်ာ့ေနပါသည္။
ပ႐ိုတိန္းက
လ်ွင္ျမန္စြာ အားျပည့္ေစၿပီး၊ဗိုက္ျပည့္ေစ၍
ၾကာျမင့္စြာ တင္းတိမ္ေရာင့္ရဲ  မႈကို
ျဖစ္ေစပါသည္။

၈။ျဖည္းျဖည္းစားပါ။
ဗိုက္ျပည့္မျပည့္ သိရေအာင္ ဦးေႏွာက္က
မိနစ္၂၀အခ်ိန္ယူပါသည္။ ထို႔ေၾကာင့္
နဲနဲျခင္း၀ါး၍ ျဖည္းျဖည္းစားပါ။

၉။အစားအစာတို႔၏ အၫြန္းကို ေသခ်ာစြာဖတ္ပါ။

၁၀။Green tea ေသာက္ပါ။

၁၁။ဟင္းသီးဟင္းရြက္အသုပ္ ပိုစားပါ။

၁၂။သၾကား ေလွ်ာ့စားပါ။
မုန္႔အခ်ိဳ၊ အခ်ိဳရည္မ်ား တတ္ႏိုင္သမွ်ေ႐ွာင္ပါ။

ဆင္ျခင္ႏိုုင္လ်ွင္ အက်ိဳး႐ွိပါသည္။
အမူအက်င့္ ျပင္ဆင္ႏိုင္လွ်င္ အက်ိဳး႐ွိပါသည္။

မပိန္ရင္ေတာင္ေရာဂါမျဖစ္ေစပါ။

.....ေဒါက္တာ ျမင့္သိန္း......
၂၀.ျသဂုတ္.၂၀၁၄##

Unicode
#######
#ပိန်ဖို့ဆို....အစာငတ်ခံစရာမလိုပါဘူး......
လေ့ကျင့်ခန်းမှန်မှန်လုပ်
အောက်က နည်းလေးတွေကြည့်
_______________________________
ကိုယ်အလေးချိန်လျှော့ကျစေမည့်ခလုတ်(၁၂)ခု
အလေးချိန်ကို ညတွင်းချင်းလျှော့စေဖို့
စိတ်ကူးမယဉ်သင့်ပါ။
မိမိအမူအကျင့်များကို ပြောင်းယူခြင်းဖြင့်
စိတ်ရှည်လက်ရှည်ကြိုးစားသင့်ပါသည်။

၁။အစားမစားမီရေသောက်ပါ။
မနက်စာ၊နေ့လည်စာ၊ညစာ မစားမီ
ရေတဖန်ခွက် အရင်သောက်ပါ။
ခန္တာကိုယ်မှာ ရေဓာတ်နည်းလျှင်
ဇီ၀ကမ္မဖြစ်စဉ် ကမောက်ကမဖြစ်၍
ဆာလောင်မှုဖြစ်စေပါသည်။
အစာမစားမီ ရေသောက်လျှင် စားချင်သည့်
ချင်ခြင်းကို ပျက်ပြယ်စေပါသည်။
စားသည့် ပမာဏကိုလည်း
လျှော့နည်းစေပါမည်။

၂။ပုဂံသေးသေး အသုံးပြု ပြီး
   အစာပမာဏလျှော့ပါ။
ညစာစားသည့်ပုဂံကိုသေးသေးပြောင်းမယ်
စားသည့် အစာပမာဏကို လျှော့မယ်
သောက်သည့်ရေဖန်ခွက်ကို ကြီးလိုက်မယ်
ဆိုရင် ကောင်းပါသည်။

၃။ခြေထောက်ကိုပိုမိုအသုံးပြုပါ။
လှေခါးအသုံးပြုပါ။(စက်လှေကား၊ဓာတ်လှေကားမသုံးပါနဲ့)
ကားရပ်စခန်းတွင်ကားကို ခပ်ေ၀းေ၀းသွားရပ်ပီ လမ်းလျှောက်ပါ။
အထိုင်များလျှင်ခေတ္တနားပြီး
လမ်းထလျှောက်ပါ။
ခြေသလုံးကြွက်သားများကကယ်လိုရီများကို
ကောင်းစွာ လောင်ကျွမ်းစေပြီး
အဆီစုခြင်းကို လျှော့စေပါသည်။

၄။ကျန်းမာရေးနည်းလမ်းများ ရှာဖွေပါ။
၀ိတ်ချဖို့ အစာငတ်ခံစရာ မလိုပါ။
အဆီများသည့်အစာများ အစား
အဆီနည်းပါးသည့် အစာများစားနိုင်သည်။
ဥပမာ-အဆီထုတ်ထားသောနို့၊
         ကွေကာအုတ်၊ဂျုံ..စသည့်။

၅။မဆာရင် မစားပါနှင့်
အပျင်းပြေစားခြင်း၊သရေစာစားခြင်းကိုရှောင်ပါ။

၆။ကျန်းမာရေးနှင့်မညီညွတ်သောအစာများရှောင်ပါ။

၇။အစေ့အဆံ၊နို့၊အသားတို့ကို နံနက်စာတွင်အဓိကထား စားပါ။
အိပ်ယာထစတွင် ကြွက်သားများအားပျော့နေပါသည်။
ပရိုတိန်းက
လျှင်မြန်စွာ အားပြည့်စေပြီး၊ဗိုက်ပြည့်စေ၍
ကြာမြင့်စွာ တင်းတိမ်ရောင့်ရဲ  မှုကို
ဖြစ်စေပါသည်။

၈။ဖြည်းဖြည်းစားပါ။
ဗိုက်ပြည့်မပြည့် သိရအောင် ဦးနှောက်က
မိနစ်၂၀အချိန်ယူပါသည်။ ထို့ကြောင့်
နဲနဲခြင်းဝါး၍ ဖြည်းဖြည်းစားပါ။

၉။အစားအစာတို့၏ အညွန်းကို သေချာစွာဖတ်ပါ။

၁၀။Green tea သောက်ပါ။

၁၁။ဟင်းသီးဟင်းရွက်အသုပ် ပိုစားပါ။

၁၂။သကြား လျှော့စားပါ။
မုန့်အချို၊ အချိုရည်များ တတ်နိုင်သမျှရှောင်ပါ။

ဆင်ခြင်နိုင်လျှင် အကျိုးရှိပါသည်။
အမူအကျင့် ပြင်ဆင်နိုင်လျှင် အကျိုးရှိပါသည်။

မပိန်ရင်တောင်ရောဂါမဖြစ်စေပါ။

.....ဒေါက်တာ မြင့်သိန်း......
၂၀.သြဂုတ်.၂၀၁၄##


No comments:

Post a Comment