နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ဘူး
ဟုတ်တယ်
ငါကိုယ်တိုင် နှမ်းတစ်စေ့ ဖြစ်ဖို့ ထက်
အချိန်တိုတိုတွင်း နှမ်းစေ့ တွေ ခပ်များများ စုဆောင်းနိုင်မယ့်
နည်းပညာတွေပဲ ငါစုဘူးထဲ ထည့်မယ်
ထိထိရောက်ရောက်နဲ့ ပေါ့
ဆီမဖြစ်နိုင်တဲ့ နှမ်းတစ်စေ့ ဘ၀နဲ့ တော့
လေထဲ လွင့်ပါ မခံနိုင်ဘူး။ ။
အတွေးတွေက အဆိပ်သင့်တတ်တယ်
အရာရာကို သိပ်အစွန်းမရောက် ဖို့ 
ငါမေ့မေ့သွားတဲ့ အခါ
ငါ့အတွေးတွေ အားလုံးမမှန်နိုင်ဘူး
ငါဟာ ဘာမှ မဟုတ်ဘူး
critical thinking နဲ့ စက်သေနတ်ပစ်တာလောက်တော့
မင်းလဲ တတ်၊ငါလဲ တတ်၊ လူတိုင်းတတ်တယ်။ ။
စာရေးရမယ်၊ စာရေးရမယ်တဲ့ 
ပြောချင်တာ များများလာတဲ့ အခါ
အတွေးတွေနဲ့ မြိုမြို ချလိုက်တယ်
စနစ်တစ်ခုပြောင်းဖို့ က
အချိန်ကာလ တစ်ခုတော့လိုတယ်။ ။
ကွယ်ပျောက်သွားတဲ့ နိုင်ငံတွေ
မရှိတော့တဲ့ စာပေတွေ
တန်းတူ အခွင့် ဘယ်တော့မှ မရတဲ့ နိုင်ငံရပ်ခြား အတွေ့ အကြုံတွေ
သူတို့ တွေ မသိသေးသရွေ့ 
နိုင်ငံတစ်ခု ရဲ့ နာမည်ဟာ ဘယ်ပေါ်မှာ မူတည်ပါသလဲ။ ။
မုန်တိုင်းထဲ မှာ ငါ့ပျိုးခင်းလေးကို ကာကွယ်ရင်း
အချိန်မှန်မှန် ပေါင်းသင် မြက်နှုတ် ရင်း
ရေမှန်မှန်လောင်းရင်း
ပန်းကလေးတွေ အပြစ်ကင်းတဲ့ အကြောင်းကို တွေးရင်း
ဥယျာဉ်မှူးကောင်း တစ်ယောက်ဖြစ်ဖို့ ကိုပဲ
ငါဦးတည် တယ်။ ။
— with Shwe Aeim Si at သွေးကုသိုလ်ကွန်ရက်-ရွှေအိမ်စည်095060447.ဟုတ်တယ်
ငါကိုယ်တိုင် နှမ်းတစ်စေ့ ဖြစ်ဖို့ ထက်
အချိန်တိုတိုတွင်း နှမ်းစေ့ တွေ ခပ်များများ စုဆောင်းနိုင်မယ့်
နည်းပညာတွေပဲ ငါစုဘူးထဲ ထည့်မယ်
ထိထိရောက်ရောက်နဲ့ ပေါ့
ဆီမဖြစ်နိုင်တဲ့ နှမ်းတစ်စေ့ ဘ၀နဲ့ တော့
လေထဲ လွင့်ပါ မခံနိုင်ဘူး။ ။
အတွေးတွေက အဆိပ်သင့်တတ်တယ်
အရာရာကို သိပ်အစွန်းမရောက် ဖို့ 
ငါမေ့မေ့သွားတဲ့ အခါ
ငါ့အတွေးတွေ အားလုံးမမှန်နိုင်ဘူး
ငါဟာ ဘာမှ မဟုတ်ဘူး
critical thinking နဲ့ စက်သေနတ်ပစ်တာလောက်တော့
မင်းလဲ တတ်၊ငါလဲ တတ်၊ လူတိုင်းတတ်တယ်။ ။
စာရေးရမယ်၊ စာရေးရမယ်တဲ့ 
ပြောချင်တာ များများလာတဲ့ အခါ
အတွေးတွေနဲ့ မြိုမြို ချလိုက်တယ်
စနစ်တစ်ခုပြောင်းဖို့ က
အချိန်ကာလ တစ်ခုတော့လိုတယ်။ ။
ကွယ်ပျောက်သွားတဲ့ နိုင်ငံတွေ
မရှိတော့တဲ့ စာပေတွေ
တန်းတူ အခွင့် ဘယ်တော့မှ မရတဲ့ နိုင်ငံရပ်ခြား အတွေ့ အကြုံတွေ
သူတို့ တွေ မသိသေးသရွေ့ 
နိုင်ငံတစ်ခု ရဲ့ နာမည်ဟာ ဘယ်ပေါ်မှာ မူတည်ပါသလဲ။ ။
မုန်တိုင်းထဲ မှာ ငါ့ပျိုးခင်းလေးကို ကာကွယ်ရင်း
အချိန်မှန်မှန် ပေါင်းသင် မြက်နှုတ် ရင်း
ရေမှန်မှန်လောင်းရင်း
ပန်းကလေးတွေ အပြစ်ကင်းတဲ့ အကြောင်းကို တွေးရင်း
ဥယျာဉ်မှူးကောင်း တစ်ယောက်ဖြစ်ဖို့ ကိုပဲ
ငါဦးတည် တယ်။ ။
No comments:
Post a Comment